Tuesday, February 24, 2015

Travelling Panzagar to Nattalin

ဖေဖော်ဝါရီလ ၆ ရက်နေ့  ၊ သောကြာနေ့ 



ပဲခူးတိုင်း ၊ နတ်တလင်းမြို့ မှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ မှာ ခရီးသွား ပန်းစကား အစီအစဉ်လေးကို ပြုလုပ်ကျင်းပခဲ့ပါတယ်။ 

ဒေသခံများရဲ့ ဦးဆောင်မှု နဲ့မြို့ နယ်များမှ ပူးပေါင်း ပါဝင်မှုကြောင့် ဒီအစီအစဉ်လေးဟာ အောင်မြင်စွာနဲ့ ဖြစ်မြောက်ခဲ့ပါတယ်။





စာပေဟောပြောပွဲ အစီအစဉ်မှာတော့ ဆရာမ ခင်သန္တာ မှ ဟောပြောဆွေးနွေးခဲ့ပြီး ပန်းစကား ပြောဆိုခြင်း ဆိုတာ ချိုသာတဲ့ စကားတင်မဟုတ်ဘဲ မှန်ကန်စွာပြောဆိုတဲ့ စကား ဖြစ်ကြောင်း၊ စေတနာ ပါတဲ့ စကားဖြစ်ကြောင်း ကိုလည်း ဟောပြောခဲ့ပါတယ်။




ထို့ နောက် ဒေသခံ မှ ဆရာတစ်ဦး ၊ စာရေးဆရာ နှင့် ပန်းစကား အဖွဲ့ မှ ကိုနေဘုန်းလတ် တို့ ရဲ့ ဆွေးနွေးစကားဝိုင်းကို ပြုလုပ်ခဲ့ပြီး ဒေသခံများနဲ့လည်း အပြန်အလှန် ဆွေးနွေးခ့ကြပါတယ်။

ညနေ ပိုင်းမှာ အစီအစဉ်ကို အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး ဒေသခံများရဲ့  ငြိမ်းချမ်းသော လူမှု အသိုက်အ၀န်း ဖြစ်စေလိုတဲ့ စိတ်ဆန္ဒများကိုလည်း မြင်တွေ့ ခဲ့ရပါတယ်။ 

ပန်းစကား သတင်း နှင့် ပြန်ကြားရေး






Continue Reading...

Panzagar Facebook Sticker Pack Launch

ပန်းစကား Facebook Sticker ပြုလုပ်ရခြင်းနဲ့  
ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ
နေ့ရက် - ဖေဖော်ဝါရီလ ၁၉ ရက်နေ့ 
နေရာ - HOME ရုံးခန်း၊ ဗိုလ်အောင်ကျော် (အောက်ဘလောက်)



ဖွံ့ဖြိုးမှုအတွက် မြန်မာအိုင်စီတီအဖွဲ့ခေါင်းဆောင် ဦးနေဘုန်းလတ်မှ အမုန်းတရားပွားများစေသော စကားများကို ဆန့်ကျင်သည့် လှုပ်ရှားမှုတရပ်အနေဖြင့် 
ပန်းစကား Facebook Sticker ပြုလုပ်ရန်စီစဉ်ခဲ့ခြင်း နှင့်ပတ်သတ်၍ 
ရှင်းလင်းပြောကြားနေစဉ် ...



ဖွံ့ဖြိုးမှုအတွက် မြန်မာအိုင်စီတီအဖွဲ့၏ Program Manager မထိုက်ထိုက်အောင်မှ ပန်းစကား Facebook Sticker ပြုလုပ်ရန်စီစဉ်ခဲ့ပုံ နှင့် ပါဝင်သော စတစ်ကာများအကြောင်း ရှင်းလင်းပြောကြားနေစဉ် ...


Joosk Illustration ကိုယ်စား ကိုသက်ပိုင်ခမှ ပန်းစကား Facebook Sticker များကို ရေးဆွဲဖြစ်ခဲ့ပုံ၊ အခြားသော အနုပညာရှင်များဖြင့် ပေါင်းစည်းရေးဆွဲခဲ့ပုံ နှင့် Facebook Sticker Store တွင် စတေကာများကို ရယူနိုင်ရန် လမ်းညွှန်များအကြောင်းကို ရှင်းလင်းပြောကြားနေစဉ် ...


ပန်းစကားပါ ... like emoticon





ပန်းစကား သတင်းနှင့် ပြန့် ကြားရေး

Continue Reading...

Travelling Panzagar to Yesagyo , Magway District

ခရီးသွားပန်းစကားရဲ့  ဒုတိယ ခရီးစဉ် အနေနဲ့  ပန်းစကား အဖွဲ့ သားများဟာ ဇန်န၀ါရီလ (၃၀) ရက်နေ့ မှာ မကွေးတိုင်း ရေစကြိုမြို့ ကို သွားရောက်ခဲ့ပါတယ်။ ရန်ကုန်မြို့ ကနေ သောကြာနေ့  ညနေပိုင်းမှာ ထွက်ပြီး ၃၁ ရက်နေ့ မနက် မှာ ရေစကြိုမြို့ ကို ရောက်ရှိတဲ့အချိန်မှာတော့ ချမ်းချမ်းစိမ့်စိမ့် ရာသီဥတုလေးက ကြိုဆိုနေပါတယ်။


ရေစကြို မြို့ အနှံ့  နဲ့  လူစည်ကားရာ ဈေးတို့ ကို သွားရောက်ကာ ပန်းစကား ကမ်ပိန်းဖြစ်တဲ့ " လူသားအချင်းချင်း အမုန်းမပွားဖို့  ငါတို့ နူတ်ကို စောင့်စည်းစို့ " စာတမ်းပါ စတေကာ နှင့် ပိုစတာကပ်ခြင်း တို့ ကို ပြုလုပ်ခဲ့ပါတယ်။ 



ထို့ အပြင် လမ်းဆုံများတွင် ပန်းစကား သီချင်းတစ်ပုဒ်ဖြစ်တဲ့ လူလူချင်းပဲ သီချင်းကို ဒေသခံ ကမ်ပိန်းပြုလုပ်သူများနဲ့ သီဆိုခြင်းဖြင့် ငြိမ်းချမ်းရေး တေးသံများကို စီးမျောခဲ့ကြပါသေးတယ်။ 


န့ လည်ပိုင်းမှာတော့ ခဏနားပြီး ၁နာရီခန့် မှာ ခရီးသွား ပန်းစကား စာပေဟောပြောဆွေးနွေးပွဲကို စတင်ခဲ့ပါတယ်။ အဖွင့်အနေနဲ့  ပန်းစကား လှုပ်ရှားမှု ဦးဆောင်သူ ကိုနေဘုန်းလတ်မှ ခရီးသွား ပန်းစကား အစီအစဉ်လုပ်ဆောင်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ၊ စာရေးဆရာ ရဲသျှမ်းမှ ငြိမ်းချမ်းရေး ခေါင်းစဉ်တစ်ခုဖြင့် စတင်ဟောပြောပါတယ်။ ထို့ နောက် ဒေသခံများနှင့် စာရေးဆရာတို့ မှ ဆွေးနွေးခြင်း အစီအစဉ်ကို ပြုလုပ်ခြင်း ၊ စာပေဟောပြော ဆွေးနွေးပွဲ တက်ရောက်သူ ပရိသတ်များနှင့် အပြန်အလှန် မေးခွန်းများ မေးမြန်းဖြေကြားခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ပြီး ညနေ ၄နာရီခွဲခန့် မှာတော့ အစီအစဉ်ကို အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။





ပန်းစကား သတင်းနှင့် ပြန့် ကြားရေး 



Continue Reading...

Travelling Panzagar to Lashio , North Shan State


- ပန်းစကားအဖွဲ့ ရဲ့ ခရီးသွားပန်းစကား ဆိုတဲ့ စာပေဟောပြောပွဲဆွေးနွေးပွဲ နဲ့ ကန်ပိန်း ခရီးစဉ် ကို
ဇန်န၀ါရီလ ၁၇ ရက်နေ့ က ၊ လားရှိုးမြို့  နှင်းဆီခမ်းမမှာ ပြုလုပ်ခဲ့ပါတယ်။ 


ဒီ စာပေဟောပြော ဆွေးနွေးပွဲကို လားရှိုးမြို့ ရှိ အရပ်ဘက်အဖွဲ့ အစည်းများမှ ပူးပေါင်းကာ ဦးဆောင် ပြုလုပ်ကျင်းပပေးတာ ဖြစ်ပြီး ပန်းစကားအဖွဲ့  နှင့် အတူ မနက်ပိုင်းတွင် လားရှိုဈေးကြီး၌ ကန်ပိန်းပြုလုပ်ခြင်းဖြင့် စတင်ခဲ့ပါတယ်။ 



အမုန်းစကားကြောင့် ပဋိပက္ခများ ဖြစ်ပွားမှုကို လျော့ပါးစေလိုသော ရည်ရွယ်ချက်ဖြင့် ကန်ပိန်းစတေကာ ဝေခြင်း၊ ကပ်ခြင်း ၊ လူလူချင်းပဲ သီချင်းကို လူစည်ကားရာ နေရာများတွင် သီဆိုခြင်း ဖြင့် ဒေသခံအရပ်ဘက် အဖွဲ့ အစည်းများနှင့် ပူးပေါင်းကာ ငြိမ်းချမ်းသော အသိုက်အ၀န်းဖြစ်အောင် ဖော်ဆောင်ခဲ့ကြပါတယ်။


နေ့ လည်ပိုင်းမှာတော့ အစီအစဉ် အရ ဆရာမ မသီတာ (စမ်းချောင်း) ရဲ့ စာပေဟောပြောပွဲကို ပြုလုပ်ခဲ့ပြီးနောက် ပန်းစကားမှ ဦးဆောင်သူ ဆရာနေဘုန်းလတ် ၊ ဆရာမသီတာ ( စမ်းချောင်း) နှင့် ဒေသခံ တစ်ဦး ဖြစ်သူ ကိုမိုင်းဝင်းထူး တို့ မှ လူငယ်ဒေသခံ ပြည်သူများနဲ့ အတူ အမုန်းစကားကြောင့် ပဋိပက္ခများ ဖြစ်ပွားမှုကို ဘယ်လိုပူးပေါင်းတားဆီးကြမလဲဟူသော ပုံစံဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ 

အစီအစဉ်ကို ညနေ ၅နာရီခန့် မှာ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး ခရီးသွား ပန်းစကား အစီအစဉ်များကို တိုင်းနှင့် ပြည်နယ် ၁၄ခုတွင် ပြုလုပ်သွားမည် ဖြစ်ကြောင့် သိရှိရပါတယ်။ 

-- 
ပန်းစကား သတင်းနှင့် ပြန့် ကြားရေး
Continue Reading...

Followers

Follow The Author