ပန်းစကားအဖွဲ့ သားများဟာ ပေါင်းကူးမှ ဆရာကျော်သူ ဖိတ်ကြားချက် အရ ပြင်ဦးလွင်မြို့  အာရှအလင်းရောင် ဘုန်းတော်ကြီး ကျောင်းမှာ ပြုလုပ်တဲ့ "၂၀၁၅ ခုနှစ် သင့်မြတ်ခြင်းနှင့် ငြိမ်းချမ်းရေး ကြိုဆိုပွဲ " ကို တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံအသီးသီးမှ ငြိမ်းချမ်းရေးအတွက် စွမ်းဆောင်နေကြတဲ့ တက်ကြွလှုပ်ရှားသူများ ၊ အဖွဲ့ အစည်းများ စုစည်းတွေ့ ဆုံကြပါတယ်။ ကျနော်တို့ အဖွဲ့  လည်း ဒီတွေ့ ဆုံပွဲလေးမှာ ဆွေးနွေးခဲ့ကြပြီး ပန်းစကားရဲ့  ခရီးသွားပန်းစကား ဆိုတဲ့ တစ်နှစ်တာ အစီအစဉ်လေးအတွက် ကြိုးပမ်းခဲ့ကြပါတယ်။
၃၁ ရက်နေ့  ညပိုင်းမှာ ဘာသာကြီးလေးခုမှ ဆရာတော်များ ဦးဆောင်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အတူတကွ ဆုတောင်းခဲ့ကြပါတယ်။
ငြိမ်းချမ်းရေးကို ကိုယ်စားပြုတဲ့ အလင်းရောင်များ အနေနဲ့ ဖယောင်းတိုင်များကို တိုင်းရင်းသားကိုယ်စားပြု လူငယ်များမှ ထွန်းညှိပေးပြီး အလင်းရောင်လှိုင်းလုံးကြီးကို ဖန်တီးခဲ့ကြပါတယ်။
ညပိုင်း တဖြည်းဖြည်း နက်လာတာနဲ့ အမျှ တက်ရောက်သူများကလည်း သီချင်းများ သီဆိုခြင်း ၊ အတူတကွ ၀ိုင်းကကြပြီး နှစ်သစ်ညကို အေးချမ်းစွာ ပျော်ပျော်ရွင်ရွင်နဲ့ ကြိုဆိုခဲ့ကြပါတယ်။
မင်္ဂလာ နှစ်သစ်ဖြစ်ပါစေလို့  ပဋိပက္ခများ ဖြစ်ပေါ်စေတဲ့ အမုန်းစကားများ တားဆီးရေး ပန်းစကားလှုပ်ရှားသူများကိုယ်စာ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
No comments:
Post a Comment